စျေးဝယ်ခြင်း စကားပြော (Shopping Dialogue)
ဆိုင်ရှင်နှင့် ဝယ်သူတို့အကြား အပြန်အလှန် စျေးဝယ်စကားပြောများ။
ต้องการอะไรคะ
အသံထွက်: တော့(င်)ကန်(န်) အလိုင်(ယ်) ခ
ဘာများ လိုအပ်ပါသလဲရှင့်။
อยากได้เสื้อแจ็คเก็ตครับ
အသံထွက်: ယာ(က်)ဒိုက်(ယ်) စွတ်အာ ကျက်(တ်)ကေ(တ်) ခပ်(ပ်)
ဂျာကင်အင်္ကျီ လိုချင်လို့ပါခင်ဗျ။
ดูได้ค่ะ ลองได้ค่ะ
အသံထွက်: ဒူး ဒိုက်(ယ်) ခ ၊ လော(င်) ဒိုက်(ယ်) ခ
ကြည့်လို့ရပါတယ်ရှင်၊ စမ်းဝတ်ကြည့်လို့လည်း ရပါတယ်ရှင်။
เสื้อตัวนี้ราคาเท่าไหร่ครับ
အသံထွက်: စွတ်အာ့ တူဝါ နီး လားခါ ထောက်(ဝ်)လိုင်(ယ်) ခပ်(ပ်)
ဒီအင်္ကျီ စျေးဘယ်လောက်လဲ ခင်ဗျ။
ห้าร้อยบาทค่ะ มีไซส์ S, M, L ค่ะ
အသံထွက်: ဟာ့လော်(ယီ) ဘာ(တ်) ခ ၊ မီ ဆိုဒ်(ယ်) S, M, L ခ
ဘတ် ၅၀၀ ပါရှင်။ ဆိုဒ် S, M, L ရှိပါတယ်ရှင်။
เสื้อตัวนี้พอดีครับ ผมเอาอันนี้ครับ
အသံထွက်: စွတ်(တ်) တူဝါ နီး ဖောဒီး ခပ်(ပ်) ၊ ဖုန်း(မ်) အောင်(ဝ်) အန်(န်)နီး ခပ်(ပ်)
ဒီအင်္ကျီ ကွက်တိပါပဲ ခင်ဗျ။ ကျွန်တော် ဒါယူပါမယ်။